မန္တလေး  ၂၅   အောက်တိုဘာ 

Myanmar Global South Internet-Tec (MGST)Co.Ltd နှင့်Beijing Transferring Spirit Technology Co.Ltd တို့ ပူးပေါင်း၍ အဆင့်မြင့်နည်းပညာသုံးအွန်လိုင်းစနစ်ဖြင့် ကျောက်မျက်ရတနာဈေးကွက်ရှာဖွေမြှင့်တင်ခြင်း ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခြင်းနှင့် ပထမအကြိမ် မြန်မာ-တရုတ် အွန်လိုင်းစနစ်ဖြင့် ကျောက်မျက် ရတနာရောင်းဝယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို မန္တလေးမြို့၊ သိပ္ပံလမ်းပေါ်ရှိ ကွန်ဗင်းရှင်းစင်တာ ဒုတိယထပ်တွင် ယနေ့နံနက် ၉ နာရီ ခွဲ က ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ ဦးအောင်ကျော်ဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်း ၊ အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဉက္ကဌ ဦးကျော်သီဟ၊ Myanmar Global South Internet-Tec (MGST)Co.Ltd နှင့်Beijing Transferring Spirit Technology Co.Ltd တို့ မှ တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

ေ

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်း နှင့် အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဉက္ကဌ ဦးကျော်သီဟ တို့က အမှာစကားပြောကြားသည်။

ထို့နောက် (MGST)Co.Ltd မှ ဒါရိုက်တာ ဦးဝင်းမော် က အဆင့်မြင့်နည်းပညာသုံး အွန်လိုင်းစနစ်ဖြင့် ကျောက်မျက်ရတနာဈေးကွက်ရှာဖွေမြှင့်တင်ခြင်း ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၄င်းနောက် Myanmar Global South Internet-Tec (MGST)Co.Ltd ဉက္ကဌ  Mr. He ru gui နှင့်Beijing Transferring Spirit Technology Co.Ltd ဒုတိယဉက္ကဌ Mr. Yi Bin တို့က ကုမ္ပဏီနှစ်ခုပူးပေါင်း၍ အဆင့်မြင့်နည်းပညာသုံးအွန်လိုင်းစနစ်ဖြင့် ကျောက်မျက်ရတနာ ဈေးကွက်ရှာဖွေမြှင့်တင်ခြင်း ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ပထမအကြိမ် မြန်မာ-တရုတ် အွန်လိုင်းစနစ်ဖြင့် ကျောက်မျက်ရတနာရောင်းဝယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရာ  Myanmar Global South Internet-Tec (MGST)Co.Ltd နှင့်Beijing Transferring Spirit Technology Co.Ltd တို့မှ တာဝန်ရှိသူများနှင့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

ေ

 

ဒီပွဲမှာ ကျောက်မျက်လုပ်ငန်းရှင်များအား လုပ်ကိုင်နည်းလမ်းများ ရှင်းလင်းပြောကြားသွားမည့်ဖြစ်ကြောင်း၊ ကျောက်လောကသားများ သိချင်သည့်အချက်အလက်များကိုလည်းရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု သမ္မမြန်မာနိုင်ငံမှာ ပြဌာန်းထားသော တည်ဆဲဉပဒေနှင့်အညီဖြစ်ဖို့ စည်းမျဉ်းစည်းကမ်းဉပဒေ၊ နည်းဉပဒေ နှင့်အညီဖြစ်ဖို့ အများကြီး ဆက်လက်ဆောင်ရွက်ရအုံးမှာပါ၊ ဒီနေ့ကတော့ ဒီလုပ်ငန်းကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့နေ့ပေါ့၊အဓိကရည်မှန်းချက်က တော့ ရောင်းသူ/ဝယ်သူ တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်အဝရှိရမယ်၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော ဘဏ္ဍာငွေတွေလည်းမဆုံးရှုံးရဘူး၊ မန္တလေးမြို့မှာရှိတဲ့ ကျောက်စိမ်းဈေးကွက် အား ပြည်တွင်း၌သာမက နိုင်ငံတကာမှာရှိတဲ့ကျောက်ကုန်သည်များနှင့်ချိတ်ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ဒီလုပ်ငန်းများကို ဉပဒေဘောင်အတွင်းမှ ဉပဒေနှင့်အညီ လုပ်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (MGST) Co.Ltd မှ ဒါရိုက်တာ ဦးဝင်းမော်က ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)