မြိတ်   ၂၅   အောက်တိုဘာ  

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တနင်္သာရီတိုင်းဒေသကြီးရှိ အသင်းခွဲများအား ဘဏ္ဍာရေးဆိုင်ရာ စာရင်း မှတ်တမ်းများ ကောင်းစွာထိန်းသိမ်းထားရှိနိုင်စေရန်နှင့် ပြဌာန်းထားသော ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် အညီ လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အောက်တိုဘာ ၂၅  ရက် နံနက် ၉ နာရီခွဲက မြိတ်မြို့ ကြက်ခြေနီအသင်းခွဲရုံးတွင် ဘဏ္ဍာရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခဲ့သည်။

 

ေ

 

ဘဏ္ဍာရေးဆိုင်ရာဖွံ့ဖြိုးမှု မွမ်းမံသင်တန်းတွင် စာရင်းရေးသွင်းခြင်းအဆင့်ဆင့်၊ ငွေစာရင်းခေါင်းစဉ် စုစည်းမှုဇယား၊ ရငွေနှင့်ပေးငွေလချုပ်စာရင်းပုံစံ၊ ငွေစာရင်းနှင့်ဘဏ်စာရင်းရေးသွင်းခြင်း၊ ဘဏ္ဍာရေးဆိုင်ရာပုံစံ များ၊ စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်းနှင့်လိုက်နာဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများအကြောင်း စသော ဘာသာရပ်များကို အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း သင်တန်းကို အောက်တိုဘာ ၂၈ ရက်တွင် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

 

ေ

 

သင်တန်းကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးအသင်းခွဲမှ(၂)ဦး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် အသင်းခွဲများမှ (၂)ဦးစီ၊ (၁၀)မြို့နယ်အသင်းခွဲများမှ (၂)ဦးစီ စုစုပေါင်း သင်တန်းသား ၂၈  ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းကို မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဦးတင်မောင်ဆွေက သင်တန်းဖွင့်အမှာစကားပြောကြားပြီး  မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘဏ္ဍာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတေဇာလင်း က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ရှင်းလင်းပြောကြားခဲ့ပြီး သင်ခန်းစာများ စတင်ဆွေး နွေးပို့ချခဲ့ကြောင်း  သိရသည်။

 

ေ

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)