မြဝတီ ၂၅ အောက်တိုဘာ

 

မြန်မာထိုင်းနယ်ခြားမြစ်တစ်စင်းဖြစ်သည့် သောင်ရင်းမြစ်ကြောင်းတစ်လျှောက် မြစ်ရေစီးဆင်းမှု၊ မြစ်ကမ်း ပါးပြိုကျမှု၊ မြေထိန်းနံရံတည်ဆောက်မှု နှင့် သဲစုပ်ယူနေသည့် လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများအား ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် စက်လှေများဖြင့် ကြည့်ရှု့စစ်ဆေးခဲ့သည်။

 

jhasd

 

ထိုသို့ လှည့်လည် ကြည့်ရှု့ရာတွင် မြဝတီခရိုင်မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ဖြင့်  လိုက်လံကြည့်ရှု့စစ်ခြင်း ဖြစ်သည်။

 

kjajd

 

စက်လှေများဖြင့် မြစ်ကြောင်းတစ်လျှောက် ကြည့်ရှု့စစ်ဆေးရာတွင် မြ၀တီမြို့၊ချောင်းဆုံကျေးရွာမှ ရေကုက္ကို အထိကြည့်ရှု့ခဲ့ပြီး မိုးရာသီအတွင်း ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ၊ မြစ်ကမ်းပါး ထိန်းသိမ်းရေး မြေထိန်းနံရံတည်ဆောက်မည့် နေရာများနှင့် သဲစုပ်ယူနေသည့် အခြေအနေများအား ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)

 

lad