ညောင်ရွှေ ၂၅ အောက်တိုဘာ     

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် နန်းပန်ကျေးရွာ ပရဟိတကျောင်း ဓမ္မာရုံ၌ပြုလုပ်သည့် နန်းပန်ကျေးရွာရှိ ပြည်သူလူထုထံသို့ ကျေးရွာ မြေငှားဂရမ်ပေးအပ်ပွဲ အခမ်အနားသို့ တက်ရောက်ခဲ့သည်။

 

klahd

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ပြည် နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူ ၂၂ ဦးထံသို့ ကျေးရွာမြေငှားဂရန်များ ပေးအပ်ခဲ့ သည်။

 

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ နောင်တော ကျေးရွာအုပ်စု၊ မဇ္ဈိမလွယ်ခေါ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ဆက်လက်ထွက်ခွာပြီး စုပေါင်းရုံး(One Stop Shop-OSS)သို့ ရောက်ရှိ၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ မြေစာရင်းပုံစံ(၇)များ၊ စက်လှေ(မော်တော်)လိုင်စင်များနှင့်  သဘာဝစွမ်းအင်သုံး မီးဖိုများ ပေးအပ်ခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးစကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြပြီး ဒေသလိုအပ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ(ညောင်ရွှေ)