နေပြည်တော် ၂၅ အောက်တိုဘာ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တန်ဆောင်မုန်းလ အတွက် ကထိန်ပွဲနှင့် ခဝဲပန်း ၂၀ဝ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်(၁)မျိုးအား ၂၀၁၉ ခုနှစ် အောက်တိုဘာ(၂၈)ရက် မြန်မာ သက္ကရာဇ် ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလဆန်း(၁)ရက် (တနင်္လာ) နေ့ နံနက်(၉)နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ အောက်တိုဘာ (၂၈)ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေး မည် ဖြစ်ကြောင်း သိရသည် ။ (သတင်းစဉ်)


