နေပြည်တော် ၂၅  အောက်တိုဘာ

သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင် က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူ ကိုယ်စား သင်တန်းသူတစ်ဦးက  ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် PANNA INSTITUTE မှ ဒေါ်စိမ့်ရည်ထက် က သင်တန်းဆင်းလက်မှတ်များကို  သင်တန်းသားတစ်ဦးထံပေးအပ်သည်။

(သတင်းစဉ်)