ဟားခါး ၂၅ အောက်တိုဘာ                   

၂၀၁၉ခုနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်း မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ နာရီက ဟားခါးမြို့ ဖိုင်ဇောင်းတင်းနစ်ကွင်း၌ကျင်းပ သည်။

အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးရွှေလှက အမှာစကားပြောကြားရာတွင် ချင်းပြည်နယ်အတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  အားကစားကွင်း၊အားကစားရုံ၊ အားကစားလှုပ်ရှားမှု လုပ်ငန်းများကိုလည်း ပြည်နယ်၊ခရိုင်၊မြို့နယ်အလိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် တွင်တင်းနစ်အားကစားနည်းကိုမြို့နယ်တိုင်းရှိ လူငယ်လူရွယ်များပိုမိုစိတ်ဝင်စားလာစေရန်၊နိုင်ငံတော်နှင့် ချင်းပြည်နယ်အတွက်အားထားရမည့်တင်းနစ်မျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွန်းလာစေရန်၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့်တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ပြိုင်ပွဲတွင် ချင်းပြည်နယ် တင်းနစ်အသင်းမှအောင်မြင်မှုများရရှိလာမည်ကိုယုံကြည်မျှော်လင့်ကြောင်းအမှာစကားပြောကြားသည်။

ထို့နောက် တင်းနစ်ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိကြသည့် ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နှင့်ဖလမ်းမြို့နယ်တို့မှ ပြိုင်ပွဲဝင်အသင်းသားများအား ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီး မြှင့်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြိုင်ပွဲကိုအောက်တိုဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရက်ကြာ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရှိရသည်။

ကျော်စွာ(ပြန်/ဆက်)