နေပြည်တော် ၂၅ အောက်တိုဘာ

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့  အမှတ်()ရဲလေ့ကျင့်ရေးကျောင်း ရမည်းသင်းမြို့တွင် --၂၀၁၉ ရက်နေ့မှ ၂၅-၁၀-၂၀၁၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့သည့် ရဲတပ်သားသစ် (အမျိုးသမီး) သင်တန်းအမှတ်စဉ် (၅၂/၂၀၁၉) စည်သူတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့ နံနက်တွင် အမှတ်() ရဲလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်းတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး စိုးလွင်မိုးမှ ကျောင်းဆင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူကာ သင်တန်းဆင်းတပ်ခွဲများကို လိုက်လံစစ်ဆေး၍ စံပြကျောင်းသူဆုရ ကျောင်းသူအမှတ်(၃၅) ထက်ထက်နွယ်၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ကျောင်းသူအမှတ်(၈၁) ဝိုင်းနဒီ၊ ဥပဒေထူးချွန်ဆုရ ကျောင်းသူအမှတ်(၃၄) ထက်ထက် ဇော်၊ ရဲကျင့်ဝတ်ထူးချွန်ဆုရ ကျောင်းသူအမှတ်(၈၈) သီရိစိုးလွင်နှင့် သေနတ်ပစ်ထူးချွန်ဆုရ ကျောင်းသူ အမှတ်(၆၈) မူအေးဖြူ တို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး ကျောင်းဆင်းသင်တန်းသူများမှ ချီတက်အလေးပြုခြင်းကို ခံယူခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ကျောင်းဆင်းသင်တန်းသူ (၁၀၉) ဦး တက်ရောက်အောင်မြင်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင် သင်တန်းသူများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

MDN