နေပြည်တော် ၂၅ အောက်တိုဘာ
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း၊ ဝက်ထီကန်မြို့တွင် ၆-၅-၂၀၁၉ ရက်နေ့မှ ၂၅-၁၀-၂၀၁၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့သည့် ရဲတပ်သားသစ် (အမျိုးသား) သင်တန်း အမှတ်စဉ်(၃၂၈/၂၀၁၉) ဇေယျတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)တွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး၊ ရဲမှူးကြီး နေမျိုးမှ ကျောင်းဆင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူကာ သင်တန်းဆင်းတပ်ခွဲများကို လိုက်လံစစ်ဆေး၍ စံပြဆုရ ကျောင်းသားအမှတ် (၁၉၆)ဝေဖြိုးအောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ကျောင်းသားအမှတ် (၅၉) ထွန်းအောင်၊ ဥပဒေထူးချွန်ဆုရ ကျောင်းသားအမှတ်(၁၂၂) ရဲရင့်ကျော်၊ ရဲကျင့်ဝတ်ထူးချွန်ဆုရ ကျောင်းသားအမှတ်(၉၇) မျိုးဇော်ထွေးနှင့် သေနတ်ပစ်ထူးချွန် ဆုရ ကျောင်းသား အမှတ်(၄၀) ဇင်မင်းကိုတို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး ကျောင်းဆင်းသင်တန်း သားများမှ တန်းစိတ်ပုံ၊ စစ်ကြောင်းပုံဖြင့် ချီတက်အလေး ပြုခြင်းကိုခံယူခဲ့ပါသည်။ ကျောင်းဆင်း သင်တန်းသား(၂၀၃)ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား


