မင်းဘူး ၂၆ အောက်တိုဘာ
အမျိုးသမီးလူငယ်များ အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ရေး ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမတွင် တန်ဖိုးမြှင့် စားသောက်ကုန်နှင့် လူသုံးကုန်ထုန်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မင်းဘူးခရိုင် စားသုံးသူရေးရာ ဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်စုစုထွန်းက စာသုံးသူရေးရာဉီးစီးဌာန၏ ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မင်းဘူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဌ ဒေါ်နန်းရွှေနွယ်က ကျေးဇူးတင်စကား ပြောကြားပြီး၊ Irrawaddy Green Tower Ltd (IGT) မှ တာဝန်ရှိသူ တစ်ဉီးက သင်တန်းအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသူ တစ်ဉီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုန်လုပ်မှု နည်းပညာဆင်းပွဲတွင် ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ခဲ့ပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ နှင့် မြို့ပေါ် ရပ်ကွက်အတွင်းမှ အမျိုးသမီးများ ပူးပေါင်းပါဝင် သင်ကြားခဲ့ကြောင်း သိရသည်။ သင်တန်း ကာလမှာ အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုန်လုပ်မှု နည်းပညာအမျိုးပေါင်း(၃၁)မျိုးကို သင်ကြားပို့ ချပေးခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


