စလင်း  ၂၆  အောက်တိုဘာ

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဉီးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက်အောက်တိုဘာလ ၂၆ ရက်နေ့ကိုကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနေ့အဖြစ်သတ်မှတ်၍ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအဆောက်အအုံများ၊ စာသင်ခန်းများ၊ ကျောင်းအိမ်သာများသန့်ရှင်းခြင်း၊ ကျောင်းအဝင်အထွက်လမ်းများပြုပြင်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ သစ်ပင်၊ ပန်းပင်၊ ပန်းခြံနှင့်ကစားကွင်းများသာယာလှပစေရေး သန့်ရှင်းခြင်း၊ သောက်သုံးရေကန်များ သန့်ရှင်းစွာ သိုလှောင်သုံးစွဲနိုင်ရေး သန့်ရှင်းခြင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး ပေါင်း၊ မြစ်များရှင်းလင်းခြင်းကို ဆရာ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများ စုပေါင်းဆောင်ရွက်ခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်မှုများကို စလင်းမြို့နယ် ပညာရေးမှူးရုံးမှ အဖွဲ့များခွဲ၍ လှည့်လည်စစ်ဆေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးဉီးမြင့်သန်းထံမှ သိရသည်။

 

စိုးမိုးသူ( စလင်း)