ပြင်ဦးလွင် ၂၆ အောက်တိုဘာ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော MFF “ C ” COACHING CERTIFICATE COURSE ဘောလုံးနည်းပြ သင်တန်းဆင်းပွဲကို ယနေ့နံနက်  ၁၀  နာရီက ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ သင်တန်းခန်းမဆောင်၌ ကျင်းပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီး အကဲများ ၊သင်တန်းနည်းပြများ ၊ သင်တန်းသားများ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦးကျော်သူဆွေ မှသင်တန်းဆင်းအမှာစကား ပြောကြာပြီး ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ င့်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ တို့က ရှင်းလင်းပြောကြားခြင်း ၊ ဘာလုံး C သင်တန်းနည်းပြချုပ် ဦးကြည်နိုင် မှ သင်တန်းကာလ ( ၁) ပတ်အတွင်း သင်ကြားပို့ချခဲ့သော သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား၍ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

 

ဆက်လက်ပြီး တာဝန်ရှိသူများမှ နည်းပြချုပ်အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ခရိုင်နှင့်မြို့နယ် အား/ကာမိသားစုများမှ ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း၊ သင်တန်းသားများက နည်းပြချုပ်အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးထိုက်( ပြင်ဦးလွင် )