ကော့ကရိတ် ၂၆  အောက်တိုဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့ သာယာလှပရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် ကော့ကရိတ်မြို့အတွင်းရှိ လမ်းတစ်လျှောက်  စနေနေ့ စုပေါင်းသန့်ရှင်းရေး‌ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီတွင် စုပေါင်း ဆောင်ရွက်ကြသည်။

 

ထိုသို့ ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ ဌာနများ၏အဖွဲ့လိုက်  သတ်မှတ်ထားသော နေရာများ၌ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။

 

MDN