နေပြည်တော် ၂၆  အောက်တိုဘာ

ကရင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် လူမှုရေးအဖွဲ့အစည်းများ အား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ရှိ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေ ဖြင့် လူမှုကဏ္ဍအကျိုးပြု လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ကိုယ်ဝန်ဆောင် ချိန်မှ သက်ကြီးရွယ်အိုအထိ စီမံချက်များချမှတ်ပြီး ဖွံ့ဖြိုးမှုအညွှန်းကိန်းများအလိုက် ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကို ဖော်ထုတ်ပြီး ပံ့ပိုး ကူညီပေးလျက်ရှိပြီး မသန်စွမ်းရန်ပုံငွေတစ်ရပ်ကိုအစိုးရကထူထောင်ပေးထားပါကြောင်း၊ ဝန်ကြီးဌာနသည် လူနှင့် သဘာဝကြောင့်ဖြစ်သော ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပံ့ပိုး ကူညီပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူမှုဒုက္ခများနှင့် ဘေးအန္တရာယ် ဆိုင်ရာများတွင် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် မသန်စွမ်းသူ ၅၇၉၂ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၇၃ ဒသမ ၇၆ သန်း၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်() မြို့နယ်တွင် ဖွင့်လှစ်ထားသော မိခင်ဝိုင်း(၂၂)ဝိုင်းအတွက် ဝိုင်းခေါင်းဆောင်ဂုဏ်ပြုငွေနှင့် ကလေးသူငယ် များ၏ နေ့လယ်စာအာဟာရ ()လစာအတွက် ထောက်ပံ့ငွေကျပ် ၁၁ ဒသမ ၂၂ သန်း၊ လူမှုအားမာန်အဖွဲ့ (၁၁)ဖွဲ့အတွက် ထောက်ပံ့ငွေကျပ်သိန်း ၁၁၀ ရေးကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော စိုက်ပျိုးသီးနှံဧက ၁၆၀၄၆ အတွက် ထောက်ပံ့ငွေကျပ် ၁၆၀၄၆၀၀၀၀ တို့ ကို တာဝန်ရှိသူများထံ ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ကလေးငယ် များကို အာဟာရမုန့်များနှင့် ကစားစရာများပေးဝေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် ဘားအံမြို့ ပြည်သူ့ဆေးရုံးကြီး၌ ကလေး ()မွှာပူး မွေးဖွားသည့် မိခင်တစ်ဦးအား ထောက်ပံ့ငွေကျပ် () သိန်းပေးအပ်ကြသည်။

ထို့နောက် ဘားအံမြို့နယ် ငှက်ပျောတောကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံး ရေ လုံလောက်စွာရရှိရေးအတွက် ပြည်နယ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သောက်သုံးရေများ ပေးဝေမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွေ့လျားရေသန့်စင်စက် မော်တော် ယာဉ်ဖြင့် ရေသန့်များ ဖြန့်ဝေပေးနေမှုနှင့် စက်ရေတွင်းများတူးဖော်၍ ရေသန့်စင်စက်များ တပ်ဆင်ပေးရန် ဆောင်ရွက်နေမှု၊ National Health Laboratory စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့က ရေအရည် အသွေး ဆန်းစစ်မှုများ ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

(သတင်းစဉ်)