ရန်ကုန် ၂၆  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်များ၏ အစိတ်အပိုင်း မမှန်မကန် Body Coach (ဖောက်စွပ်/ဖြတ်ဆက်)ပြောင်းထားသော ယာဉ်များကို သံရည်ကြို ဖျက်သိမ်းကာ အစားထိုး ယာဉ် တင်သွင်းခွင့်ပုံစံ "" (စလစ်)ရယူမှုသည် စတင်ဖြေလျှော့ ဆောင်ရွက်သော ယခုနှစ် အောက်တိုဘာ ()ရက်နေ့မှ ၂၄ ရက်နေ့အထိ ယာဉ်အစီးရေ ၁၅၉ စီးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းသယ်ယူပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (မြင်သာ)ရုံးမှသိရသည်။

 

" ဒီလို မှတ်ပုံတင်ဖျက်သိမ်းခံရတဲ့ ယာဉ်ပိုင်ရှင်များဟာလက်တွေ့မြေပြင်မှာ တကယ် အလုံးချိန်း လုပ်တဲ့ သူတွေ မဟုတ်ဘဲ ရိုးသားစွာမိသားစုတွေက သူတို့စားဝတ်နေရေးအတွက် ချွေးနည်းစာနဲ့ ရောင်းမှား/ဝယ်မှား အလိမ်ခံရတဲ့ ပိုင်ရှင်တွေသာ များပြားနေပါတယ်။ ဒါကို သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲတွေကို အဆင့်ဆင့်တင်ပြမှုတွေကြောင့် ဖြေလျှော့တဲ့အနေနဲ့ ဖောက်စွပ်/ ဖြတ်ဆက် ထားတဲ့‌မော်တော်ယာဉ်တွေကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံတဲ့စနစ် ပုံစံ "" ပေးပြီးတော့ မော်တော်ယာဉ်အသစ် တင်သွင်းခွင့်ပေးလိုက်တာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းသယ်ယူပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန(မြင်သာ)ရုံးညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် ကပြောသည်။

 

ထိုဖြေလျှော့ပေးမှုတွင် အမျိုးအစားလေးမျိုးရှိရာ မှတ်ပုံတင်ဖျက်သိမ်းပြီး ပိုင်ရှင်လက်ထဲတွင် ရှိနေသောယာဉ်များ/မှတ်ပုံတင်ဖျက်သိမ်းပြီး သက်ဆိုင်ရာရဲစခန်းများတွင်အပ်နှံထားသော ယာဉ်များ /ရဲစခန်းမှ လက်မခံ၍ သက်ဆိုင်ရာ     ကညန ရုံးများတွင် သိမ်းဆည်းရပ်တန့်ထားသော ယာဉ်များ/ ပြင်ပလောကရှိ ဖြတ်ဆက်/ ဖောက်စွပ်ယာဉ်များ ပါဝင်ကြောင်းသိရသည်။

 

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ် မှ စတင်ကာ ၂၀၁၉ ခုနှစ် စက်တင် ဘာ ၂၃ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင်မှတ်ပုံတင် ဖျက်သိမ်းထားသောယာဉ်များသည် (၃၆၂) စီး ရှိကြောင်းသိရသည်။

 

ထိုယာဉ်များကိုလည်း ယာဉ်အို ယာဉ်ဟောင်းသံရည်ကြိုတွင် အပ်နှံပြီး ယာဉ်အသစ် တင်သွင်း သည့်စနစ် ပုံစံ""ပေးကာယာဉ်အသစ်တင်သွင်းခွင့်ပြုပေးကြောင်းသိရသည်။ ဆက်လက်ဖမ်းဆီး တွေ့ရှိမည့် ယာဉ်များ ကို လည်းပုံ စံ ""ထုတ်ပေးကာ မူလယာဉ်များကိုဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကုန်လမ်း သယ်ယူပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(မြင်သာ) မှသိရသည်။

  

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး

 

ahes