နေပြည်တော် ၂၆ အောက်တိုဘာ

စွမ်းအင်ဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေး တိုးတက်ဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိုင်ယွမ်မြို့၌ ရောက်ရှိနေသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ထိုင်ယွမ်မြို့ Parkview Hotel ခန်းမဆောင်၌ ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျင်းက ဖိုရမ်သို့တက်ရောက်လာကြသူများအား တည်ခင်း ဧည့်ခံသည့် ကြိုဆိုနှုတ်ဆက်ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

 

jkhsd

 

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲ တွင် ထိုင်ယွမ်မြို့ ကျောက်မီးသွေးလုပ်ငန်းဗဟိုဌာန၌ ကျင်းပသည့် ကမ္ဘာ့စွမ်းအင်တော်လှန် ရေးပြပွဲကို ကြည့်ရှုလေ့လာပြီး စွမ်းအင်ဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးတိုးတက် ဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ စွမ်းအင်ဆိုင်ရာ ကာဗွန်ထုတ်လွှတ် မှုလျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြား သည်။

ef

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထိုင်ယွမ်မြို့ရှိ လင်ဟွာဟိုတယ်၌ စင်းရှီ ပြည်နယ် တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူး မစ္စတာလင်းဝူနှင့် တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ စင်းရှီပြည်နယ်၏ ကျောက်မီးသွေးတူးဖော်ထုတ်လုပ်သုံးစွဲမှု၊ ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများ၊ စွမ်းအင်ဆိုင်ရာကာဗွန်ထုတ်လွှတ်မှုအနည်းဆုံး ဖြစ်စေရေးဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ဓာတ်သတ္တုတူးဖော်ထုတ်လုပ်မှု၊ စွမ်းအင်ကဏ္ဍတွင် ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်အောင်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် စင်းရှီပြည်နယ် တို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

kwe

 

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၂၃ ရက်တွင် ထိုင်ယွမ်မြို့ရှိ TISCO သံမဏိ စက်ရုံ၊ ရွီဂွမ်းကျောက်မီးသွေးသုံး အပူနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ အောက်တိုဘာ ၂၄ ရက်တွင် စင်းရှီပြည်နယ်ရှိ ချင်မင်းဆက်လက်ထက် ချောင်မိသားစုအိမ်တော်နှင့် ပင်ယောင်း ရှေးဟောင်းမြို့တို့ကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 

hdi

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ထိုင်ယွမ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

(သတင်းစဉ်)

dew