ထန်ပါခွေ ၂၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေမြို့တွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ ထန်ပါခွေမြို့ ဘုရားကျောင်းတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည်။
ဒေါ်ဝေရီအောင် ကျန်းမာရေးကြီးကြပ် (၁) က ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောပြီး ပိုလီယိုကာကွယ်ဆေးကို မွေးကင်းစမှ ငါးနှစ်ထိကလေး (၁၂၂) ဦးနှင့် ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေးရည်ကို ကိုးလမှ ငါးနှစ်ခွဲကလေး(၁၂၃)ဦးကို ထန်ပါခွေမြို့ ကျန်းမာရေးကြီးကြပ်(၁) နှင့် ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)


