ကျောက်ထု  ၂၇   အောက်တိုဘာ

 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ပြင်လယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်အောက်တိုဘာ ၂၆ ရက်ညက ကျောက်ထုမြို့ ရွှေကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသည် မီးကြာအုပ်များနှင့် ဆီမီးပူဇော်ကြလျက် ယောဓလေ့ရိုးရာ သနပ်ခါးပါးတို့ပွဲပါ ထည့်သွင်းကျင်းပကြသည်။

 

ထို့အတူ အဆိုပါနေ့တွင် ပန်းဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်း ကျေးရွာနေ ပြည်သူများက မီးကြာအုပ်များဖြင့်လည်းကောင်း၊ဖယောင်းတိုင်ဆီမီးများဖြင့် လည်းကောင်း ဆီမီးပူဇော်ကြကာ ဆရာတော် ဦးဝိဇာရထံမှ သီလခံယူဆောက်တည်၍ ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။

 

မောဟေမာန် (ပြန်ဆက်)