ပခုက္ကူ ၂၇ အောက်တိုဘာ
မြန်မာ့အသံချစ်သူများအဖွဲ့(Radio Fan Clab) တွေ့ဆုံပွဲအား အောက်တိုဘာ ၂၇ ရက်နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီပခုက္ကူမြို့ရှိ ပြည်သာအေးခမ်းမတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ပြန်ကြားရေးဝန်ကြီးဌာနမှခေတ္တညွန်ကြားရေးမှူးချုပ် ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇေယျာက အမှာစကား ပြောကြားသည်။
ထို့နောက် အနယ်နယ်အရပ်ရပ်မှမြန်မာ့အသံသို့ သတင်းပေးပို့လျှက်ရှိသော မြန်မာ့အသံချစ်သူများ အဖွဲ့ဝင်များမှ သတင်းအများဆုံး ပေးပို့သူများဖြစ်ကြသော ဦးကျော်အေး(မကွေး)၊ ဦးအုန်းကြိုင် (တောင်တွင်းကြီး)၊ ဦးမင်းအောင် (ရေစကြို)တို့အား ခေတ္တညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာ့အသံမှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအား ပရိုဂျက်တာဖြင့် ပြသခဲ့ကြပြီး မြန်မာ့အသံ ဝန်ထမ်းများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ မြန်မာ့အသံမှ ထုတ်လွှင့်လျှက်ရှိသည့် အစီအစဉ်များအား လက်တွေ့သရုပ်ပြသခြင်းများ လုပ်ဆောင်ပြသခဲ့သည်။
မြန်မာ့အသံချစ်သူများ အဖွဲ့(Radio Fa Club)တွေ့ဆုံပွဲအား ၂၀၁၅ ခုနှစ်မှ စတင်ကျင်းပခဲ့ကြောင်း အဖွဲ့ဝင်ဦးရေ ၁၄၈၀ဝ ကျော်ရှိကြောင်း၊ Radio Fan Club အား သောတရှင်များ အချင်းချင်း၊ သောတရှင်များနှင့် ဝန်ထမ်းများအကြား ပိုမိုရင်းနှီးမူရရှိစေရန်၊ မြန်မာ့အသံအစီအစဉ်များအပေါ် ဝေဖန်အကြံပြုချက်များ ပေးပို့နိုင်စေရန်၊ သတင်းအချက်အလက်များ မှန်/မမှန် အတည်ပြုပေးနိုင်မည့် ဒေသအမာခံများ ရရှိစေရန်၊ မြန်မာ့အသံအတွက် ဒေသဆိုင်ရာ သတင်းထောက်များ အနေဖြင့် အထောက်အကူဖြစ်စေရန်နှင့်ပြည်သူများပူးပေါင်းပါဝင်မူဖြင့် ပြည်သူ့ဝန်ဆောင်မှု အသံလွှင့်အစီအစဉ်များ ပိုမိုထုတ်လွှင့်နိုင်ပြီး ပြည်သူကိုဗဟိုပြုသည့် အနှစ်သာရပီပြင်ကာ မြန်မာ့အသံနှင့်ပြည်သူများအကြား ယုံကြည်မူ့ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံတွင် အသံလွှင့်ခြင်းအား ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဗမာ့အသံ(Burma BroadcastingService)BBS အမည်ဖြင့် စတင်ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
မောင်ယဉ်ဦး(ဒလ)


