နေပြည်တော်  ၂၇ အောက်တိုဘာ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဂျပန်နိုင်ငံ၌ အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် JATA Tourism Expo 2019 ပြပွဲ၊ တတိယအကြိမ်မြောက် ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)