သုံးခွ ၂၈ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ် အတွင်းရှိ အသက် (၈၀)နှစ်နှင့်အထက်ထောက်ပံ့သူမဲ့ နွမ်းပါး သက်ကြီးဘိုးဘွား (၉၄) ဦးအား TRI စေတနာကွန်ရက် ဦးဆောင်မှုဖြင့် အလှူရှင်များက သီတင်းကျွတ်ကန်တော့ပွဲအဖြစ် ဘိုးဘွားတစ်ဦးလျှင် ဆန် (၄)ပြည်၊ ကြက်မုန့်၊ ဝေဖာ၊ နို့ဆီတစ်ဘူး၊ ဝမ်းတီးအထုပ်ကြီးတစ်ထုပ်၊ကွေကာအုပ်၊ သဘတ်၊ ပဲကြာဇံ၊ ခေါက်ဆွဲ၊ပဲဆီ (၅၀)သား၊ ဆပ်ပြာမွှေး၊ ဆပ်ပြာကြမ်း၊ကြက်ဥ (၅) လုံး၊ ကိတ်မုန့်မျိုးစုံ၊ ဗိုက်တာဟုမ်းအားဆေး၊ အကြောပြေလူးဆေးအရည်၊ထမင်း၊ ဝက်သားအာလူးဟင်းနှင့် အလှူငွေ (၁၃၀ဝဝ) ကျပ် တို့အားအောက်တိုဘာလ၂၇ရက်နံနက်၉နာရီကလှူ ဒါန်းခဲ့ကြောင်းသိရှိရသည်။

 

TRI စေတနာကွန်ရက်မှ အဖွဲ့ဝင်များနှင့်အတူမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတပ်ဖွဲ့ဝင် မောင်မယ်များမှ အဘိုးအဘွားနေအိမ်များသို့အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းကာဂါရဝပြု ပူဇော်ကန်တော့ခဲ့ကြောင်း သိရှိရပြီး ကာလတန်ဘိုးငွေစုစုပေါင်း  ငွေကျပ် သိန်း(၄၀) ကျော်ခန့် လှူဒါန်းကုန်ကျခဲ့ကြောင်း သိရှိရသည်။

 

ကျော်ဆန်း