ဇလွန် ၂၈ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ဇလွန်မြို့နယ် သာဒုချောင်းနှင့် အထွဋ်ကျေးရွာအုပ်စုတို့တွင် အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၆ လုံး ပြိုလဲခဲ့ပြီး လူနေအိမ် ၁၀ အမိုးလန်၍ စုစုပေါင်း လူနေအိမ် ၁၆ လုံး ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


