ဆွမ္မရာ ၂၈ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ကုံကိုင်လုံရွာသစ်ကျေးရွာ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့်မြန်မာနိုင်ငံထောပတ် စိုက်ပျိုးထုတ်လုပ်တင်ပြသူများအသင်း (MAVO) တို့ပူးပေါင်း၍ ထောပတ်စိုက် တောင်သူများကို စိုက်ပျိုးရေးအသိပညာပေး သင်တန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံထောပတ်စိုက်ပျိုးထုတ်လုပ်တင်ပြသူများအသင်း တောင်ကြီးမှ ဦးကျော်စိုးမြင့်နှင့် ပြင်ဦးလွင်မှ ဦးမျိုးညွန့်တို့က အခြေခံထောပတ်စိုက်ပျိုးနည်း၊ ကိုင်းကူး ကိုင်းဆက်စိုကနည်း၊ ဒေသတွင်းမှာရှိသည့်ထောပတ်မျိုးများကိုရွေးချယ်နည်းနှင့် အသီးများ ခူးရာတွင် နည်းစနစ်တကျ ခူးစွတ်နည်းတို့ကို ယခုလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


