မြိတ်   ၂၈   အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာ ငွေပုလဲရပ်ကွက်တွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့၍ မီးဘေးသင့်ခဲ့ရသော အိမ်ထောင်စုအား ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

မီးဘေးသင့်အိမ်ထောင်စုအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ် ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ ဆန်ဖိုး (၂၁၀ဝ)ကျပ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း(၁၁)မျိုး၊ မိသားစုသုံးပစ္စည်း(၁၃)မျိုး၊ အမျိုးသမီးသုံး ပစ္စည်း(၁၁)မျိုး၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁၈)မျိုး တို့ကို တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး  အားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )