မန္တလေး ၂၈ အောက်တိုဘာ
မန္တလေးတိုင်းဒေသြကြီးတွင် SME Member Card သက်တမ်းလွန်ပြီးပြန်မလျောက်သည့် လုပ်ငန်းပေါင်း ၈၉ ခုကို Member စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသြကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည် ။
SME Member ဝင်ထားသော ယင်းလုပ်ငန်း ၈၉ ခု၏ သက်တမ်းကို နှစ်နှစ်ထိ သတ်မှတ်ထားခဲ့ပြီး ၂၀၁၈ အောက်တိုဘာ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သည် ။ ယင်းသို့ သက်တမ်း ကုန်ဆုံးသော်လည်း ယခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ထိ ဒဏ်ကြေးစောင့်ကာလအဖြစ် သတ်မှတ်ခဲ့သည် ။
" SME Member ကို နှစ်နှစ်သတ်မှတ်ထားတယ် ။ အဲ့ဒီ နှစ်နှစ် သက်တမ်းကုန်ရင် ထပ်မတိုးရမယ် ။ မတိုးနိုင်သေးရင် ဒဏ်ကြေးစောင့်ကာလ တစ်နှစ်ထပ်စောင့်တယ် ။ အဲ့ဒီချိန်မှာ မတိုးရင်တော့ Member စာရင်းကနေ ပယ်ဖျက်သွားမယ် " ဟုအဆိုပါဌာနမှ ဌာနခွဲမှူး ဒေါ်အိအိခိုင်ကပြောသည် ။
သတ်တမ်းပြည့်ပြီးကတ်များကို သတ်မှတ်ကာလ ကျော်လွန်လျှောက်ထားလာခြင်းအတွက် သတ်မှတ် ဒဏ်ကြေး ပေးသွင်းလျှောက်ထားရန်နှင့် သက်တမ်းပြည့်ပြီးကတ်များအား ပြန်လည် လျှောက်ထားခြင်းမရှိဘဲ တစ်နှစ်ပျက်ကွက်ပါက Member စာရင်းမှ ပယ်ဖျက် သွားမည်ဖြစ်သည် ။
မြန်မာနိုင်ငံတွင်စက်မှုဝန်ကြီးဌာန၏ SME Member ဝင်ရောက်သည့် လုပ်ငန်းပေါင်း ၇၃၀၈၅ ခုရှိပြီး ရန်ကုန် နေပြည်တော်နှင့် မန္တလေးမြို့ရှိ အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း SME များ၏အချက်အလက်များကို ပိုမိုတိကျစွာသိရှိနိုင်ရန် ဌာနဆိုင်ရာများ ပူးပေါင်း၍ Pilot Project အနေဖြင့် ယခုလမှစ၍ စာရင်းကောက်ယူလျက်ရှိသည် ။
သူရိန်လင်း


