ဖာပွန် ၂၈ အောက်တိုဘာ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် မယ်သီလရှင် ပါးပေါင်း(၁၈၀)အား ပထမအကြိမ် သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီ အချိန်က အနောက်ဘက်ကမ်းကျေးရွာ သမိုင်းဝင်ရွှေဆံတော် ဘုရားဝင်း အတွင်း၌ ကျင်းပသည်။
သမိုင်းဝင် ရွှေဆံတော်စေတီအဝင်ပေါက်မှစ၍ ဆွမ်းဆန်စိမ်းကို လောင်းလှူကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ စစ်ဗျူဟာအဖွဲ့ အခြေချ(ဖာပွန်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ဗုဒ္ဓဘာသာဝင် စေတနာအလှူရှင် ပြည်သူများက ဖာပွန်ခရိုင် အတွင်းရှိ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင် ၁၈၀ပါးတို့အား ဆွမ်းဆန်တော်၊ ဆီနှင့် အခြားလှူဖွယ်ပစ္စည်းများ ကို လောင်းလှူခဲ့ကြသည်။
အဆိုပါ ပထမအကြိမ်ကျင်းပသော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ကျော်ဝဏ္ဏ (ပြန်/ဆက်)


