ပုလဲ  ၂၈    အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ၊  ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်  ၊ မြောက်ယမား ရေလှောင်တမံ လက်ယာတိုးချဲ့ ရေသောက်စနစ်  ရေပေးမြောင်းလက်တံအမှတ် ( ၁၀ )သို့  အောက်တိုဘာ   ၂၆ ရက်က မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး( ၄ )မှ  ဦးစီးအရာရှိ ဒေါ်နန်းငြိမ်းငြိမ်းနှင့် ဝန်ထမ်းများ၊ မြောက်ယမားရေကူရေလှောင်တမံ တာဝန်ခံ ဦးစီးအရာ ဦးထိန်လင်းနှင့် ဝန်ထမ်းများရောက်ရှိခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအောင်ရေ ရရှိရေးနှင့် ရေပေးမြောင်းလက်တံအမှတ် ( ၁၀ )သို့ ရေဝင်ရောက်မှုနည်းနေသောကြောင့် ရေဝင်ရောက်မှု များလာစေရေး ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သတ်၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

၁

 

ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၄)မှ တာဝန်ရှိသူများသည် မြောက်ယမားရေလှောင်တမံအတွင်း ဆည်ရေ    ဝင်ရောက်မှု  အခြေအနေများ  ၊ လက်ယာတိုးချဲ့ ရေသောက်စနစ် ရေပေးမြောင်းလက်တံအမှတ်( ၁ )မှ  လက်တံအမှတ်(၁၁)အထိ ကွင်းဆင်း  ကြည့်ရှု၍ မိုးစပါးအောင်ရေ ရရှိရေးနှင့်  စိုက်ပျိုးရေကို တောင်သူများအနေဖြင့် စနစ်တကျ   ညီညွတ်မျှတစွာရယူ သုံးနိုင်ရေးအတွက်  လက်ယာတိုးချဲ့    ရေသောက်စနစ် ဧရိယာအတွင်းရှိ  ကျေးရွာအုပ်စုများမှ  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ    ၊     တောင်သူများနှင့်     ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး( ၄ )မှဝန်ထမ်းများအား ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

ပုလဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက   မိုးရွာသွန်းမှု နည်းသောကြောင့် ယခုနှစ်တွင် မြောက်ယမား ရေကူ  ရေလှာင်တမံနှင့်  မြောက်ယမားရေလှောင်တမံအတွင်း ဆည်ရေဝင်ရောက်မှု နည်းသဖြင့်    ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပေးဝေရှိလျက်ရှိသော ဆည်ရေကို တောင်သူများက အကျိုးရှိစွာ သုံးစွဲရေး  ၊   လယ်ကြားမြောင်းများ စနစ်တကျ  ဖောက်လုပ်ရေး၊   ရေသောက်မြောင်း တစ်ခုခြင်းအလိုက် ရေလိုအပ်ချက် တူသော သီးနှံများအကွက်အလိုက်စိုက်ပျိုးရေး၊သက်တမ်းတို စပါးမျိုး၊ ရေငတ်ခံ  စပါးမျိုးနှင့် ယာစပါးမျိုးများ ပြောင်းလဲ စိုက်ပျိုးရေး၊စိုက်ပျိုးသည့်  သီးနှံဧက စာရင်းများ စနစ်တကျ  မှန်ကန်မှု   ရှိစေရေးနှင့်  မိုးစပါးအောင်ရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ  ဝန်ထမ်းများက တောင်သူများနှင့်တွေ့ဆုံညှိနှိုင်း၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မင်းခန့်စိုး(ဇေယျာမြေ)