ကော့သောင်း ၂၈ အောက်တိုဘာ
လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်သည့် အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှ တာဝန်ရှိသူများအဖွဲ့ဖြင့် ကျေးလက်ဒေသ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်များအား အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် ၊ ရွှေပြည်စိုးကျေးရွာသို့ ကွင်းဆင်း ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ တာဝန်ရှိသူများသည် လွန်ခဲ့သည့်လက ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေထွန်း ဦးဆောင်သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


