တောင်ကုတ် ၂၈ အောက်တိုဘာ
တောင်ကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့က ကင်းတောင်စံပြကျေးရွာ အရံမီးသတ်တပ်ဖွဲ့သို့ မီးငြိမ်းသတ်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကင်းတောင်စံပြကျေးရွာအရံ မီးသတ်တပ်ဖွဲ့ ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစောမင်းသူနှင့် သံတွဲခရိုင် မီးသတ်ဉီးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဉီးဝင်းလှိုင်တို့က မီးငြိမ်းသတ်ယာဉ် ပေးအပ်ရခြင်းနှင့် ဆောင်ရွက်ရမည့် အစီအမံများအား မှာကြားခဲ့သည်။ ထို့နောက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက မီးငြိမ်းသတ်ယာဉ်အား ကျေးရွာအရံမီးသတ်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးမင်းအောင်၊ သံတွဲခရိုင်မီးသတ်ဉီးစီးမှူး ဉီးဝင်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစောမင်းသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဉီးဆန်းမြင့်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဉီးမောင်စိန်နှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက မီးငြိမ်းသတ်ယာဉ်အား အမွှေးနံ့သာများပက်ဖြန်းခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN


