ရန်ကုန် ၂၈ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၏ ကုန်စိမ်းဈေးကြီးတစ်ခုဖြစ်သော တညင်းကုန်းကုန်စိမ်းဈေးကြီးတွင်ဟင်းသီးဟင်းရွက်မျိုးစုံကို ဖြန့်ဖြူးရောင်းချလျက်ရှိရာ ဟင်းသီးဟင်းရွက်မျိုးစုံတွင် ရာသီပေါ်ရှားပါးကုန်စိမ်းအချို့သာ အရောင်းအဝယ်သွက်လျက် ရှိကြောင်းသိရသည်။
တညင်းကုန်းဘူတာနှင့်ကပ်လျှက်ရှိသောစည်ပင်သာယာဈေးမှ ကျယ်ဝန်းသောကုန်စိမ်းဈေးကြီးသို့ ဇွန်(၂၁)ရက်မှ စတင်၍ ပြောင်းရွှေ့ရောင်းချခဲ့ရာ ဆိုင်ခန်း(၄၆၇)ခန်းနှင့် ပျံကျဈေးသည် တစ်ထောင်ကျာ်အား ဈေးရုံသစ်တွင် နေရာများ ပေးခဲ့ပြီး ဟင်းသီးဟင်းရွက်၊ သီးနှံဈေးရုံ၌ ဆိုင်ခန်းနေရာ(၄)ထောင်ကျော်ဖြင့် နေ့စဉ်ဝင်ရောက်လာသော ဟင်းသီးဟင်းရွက်များကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
“ရာသီပေါ်ရှားပါးကုန်စိမ်းတွေပဲ အရောင်းသွက်တယ်။ ကျန်တာတွေက ဘယ်ဆိုင်ကြည့်ကြည့်မြင်နေရတော့ ပစ်ရတာများတယ်။ ဈေးဟောင်းမှာရောင်းကောင်းတယ်ဆိုတာက ရထားနဲ့ရန်ကုန်တစ်မြို့လုံးက ဈေးသည်တွေ လာဝယ်ကြတာ။ ရထားဘူတာပြင်ဆင်နေချိန်နဲ့ ကုန်စိမ်းတွေ လိုင်းကားပေါ်တင်ခွင့်မရှိတာကြောင့် ဈေးဝယ်ကျသွားတာလည်းပါတယ်။ ပြိီးတော့ ဈေးသစ်မှာ ဈေးသည်တွေများလာတယ်။ ဈေးသစ်မှာ ရောင်းရတာနေရာကောင်းပေမယ့် ဈေးရောင်းမကောင်းကြဘူး။ လေးလရှိပြီ။ ဈေးဟောင်းမှာ ကုန်စိမ်းသုံးအိတ်ကုန်ရင် ဈေးသစ်မှာ ကုန်စိမ်း(၅)အိတ်ရောင်းလို့ရတဲ့ ဝင်ငွေနဲ့ညီနေတယ်။ တစ်ပိုင်တစ်နိုင်ရောင်းတဲ့ ဈေးသည်တွေက ကား၊ ရထားအဆင်မပြေတော့ ဝယ်အားကျသွားတာ ဈေးသစ်ဖွင့်ထဲ့ကပဲ။ ကုန်စိမ်းသည်တွေရှုံးလို့ ဆိုင်ခန်းပြန်အပ်တာရှိတယ်”ဟုကုန်စိမ်းတန်းမှဒေါ်မီးမီးကပြောသည်။
တညင်းကုန်ကုန်စိမ်းဈေးသစ်ကြီးတွင် ငါးပေပတ်လည်ဆိုင်ခန်းနေရာအတွက် တစ်လလျှင်ကျပ်(၅၁၀ဝဝ)နှင့် ဆိုင် ခန်း(၅×၁၁)ပေအတွက် ကျပ်(၂)သောင်းဖြင့် မီတာခပေးဆောင်ရကာ ပျံကျဈေးရုံ၊ စားသောက်ဆိုင်တန်းနှင့်ကုန်ခြောက်ရုံ၊ သ စ်သီးဝလံဈေးရုံဖြင့် ဈေးရုံသုံးရုံဖြင့် တစ်ရုံလျှင်ဆိုင်ခန်း(၄၀)ပါသောအသား၊ ငါးဈေးရုံနှစ်ရုံနှင့်အတူ တညင်းကုန်းဈေးရုံသစ်ကြီ းအား(၂၄)နာရီဖွင့်လှစ်ရောင်းချလျက်ရှိသည်။
“ဈေးဟောင်းမှာ တစ်နေ့ကြက်အကောင်(၂၀)ကုန်ပြီးတော့ဒီဘက်မှာ(၁၀)ကောင်တောင်မကုန်ဘူး။တစ်နေကုန်ရောင်းပေ မယ့်အရောင်းပါးတာကြာပြီ။တက္ကသိုလ်ကျောင်းသားကြီးတွေနဲ့ဆိုတော့အမြတ်နဲပေမယ့်အလုပ်ကိုရပ်လို့မရဘူး။အတိုးအရင်းကိစ္စကလည်းရှိသေးတယ်လေ။ဈေးရောင်းမကောင်းတာပဲသိတယ်။ဘာကြောင့်လည်းဆိုတာမသိဘူး။ဈေးဝယ်မလာလို့ဘဲမှတ်တယ်”ဟုသားငါးတန်းမှဒေါ်ဝင်းခင်က ပြောသည်။
တညင်းကုန်းဈေးဟောင်းနေရာသည် စည်ပင်သာယာဈေးဖြစ်ပြီး ဘူတာနှင့်ကပ်လျက်ရှိသည့်အတွက် လူစည်ကားသော်လည်း ရေဝပ်သောကြောင့် မိုးရာတွင်ဈေးဝယ်နှင့်ဈေးသည်အခက်အခဲကြုံတွေ့ရနေရသည်။ ထို့ကြောင့် သန့်ရှင်းကျယ် ဝန်းသော ကုန်စိမ်းဈေးကြီးသို့ ရွှေ့ပြောင်းရောင်းချခဲ့သည်မှာ(၄)လကျော်ပြီဖြစ်သော်လည်း ခရီးသွားလာရေးအခက်အခဲတို့ကြောင့် အရေ ာင်းအဝယ်ပါးလျက်ရှိသည်။ တညင်းကုန်းဘူတာလမ်းပိုင်းဆိုင်ရာ ပြင်ဆင်မှုပြီးစီး၍ မြို့ပတ်ရထားပုံမှန်ပြန်လည်ပြေးဆွဲချိန်တွင် ကုန်စိမ်းအဝင်၊အထွက်ပြန်လည်ကောင်းမွန်လာမှုကြောင့် အရောင်း၊အဝယ်ပြန်လည်ဦးမော့နိုင်မည်ဖြစ်ရာ ယခုချိန်တွင်ရာ သီရှားပါးကုန်အချို့သာ အရောင်း၊အဝယ်သွက်လျက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ - သန်းစိုး - သန်းထိုက်


