လိပ်သို    ၂၉  အောက်တိုဘာ    

           

ကရင်ပြည်နယ်၊ လိပ်သိုမြို့ရှိ ရပ်ကွက်၊ ကျေးရွာများရှိ ကျန်းမာရေးဌာနအသီးသီးနှင့် သတ် မှတ်ထားသော နေရာများတွင် ပိုလီယိုရောဂါနှင့် ဝက်သက်-ဂျိုက်သိုးရောဂါများ မဖြစ်ပွားစေရန် ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်းကို အောက်တိုဘာလ ၂၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြရာ အောက်တိုဘာလ (၂၈)ရက်တွင် လိပ်သို တိုက်နယ်ကျန်းမာရေးဌာန၌ မြို့ပေါ်ရှိ အမှတ် (၃)၊(၄)၊(၅)နှင့် (၆)ရပ်ကွက်များရှိ ကလေးသူငယ်များအား တိုက်ကျွေးထိုးနှံပေးသည်။

 

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးသည့် နေရာသို့ ကရင်ပြည်နယ်၊ ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ငှက်ဖျား) ဒေါက်တာ မင်းမျိုးကြည်နှင့် လိပ်သို မြို့တာဝန်ခံ ဆရာဝန် ဒေါက်တာဇေယျာဦးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

 

ကာကွယ်ဆေး ထိုးလုပ်ငန်း အဆင်ပြေချောမွေ့စေရန် လိပ်သိုမြို့ရှိ ရင်ခွင်မဲ့ကလေးငယ် လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းမှအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ပါဝင်ကူညီခဲ့ကြပြီး ပိုလီယိုရောဂါ ကာကွယ်ဆေး ၁၇၀ နှင့် ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး (၁၄၈) ဦးတို့အား တိုက်ကျွေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

 

စောဝေါ်ကွောထူး (လိပ်သိုပြန်/ဆက်)