နမ့်ဆန် ၂၉    အောက်တိုဘာ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အလက(၁)ထခွဲကျောင်း၌ မြို့နယ်ကြက်ခြေနီအသင်း သူနာပြုတပ်ဖွဲ့တို့က ကျောင်းသား/သူများတို့အား Myanmar Red Cross Society(အခြေခံ)  ရှေးဦးပြုစုခြင်း အခြေခံပညာ(၆/၂၀၁၉)သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

 

အဆိုပါ Myanmar Red Cross Society (အခြေခံ)  ရှေးဦးပြုစုခြင်း သင်တန်းတွင် တက်ရောက် သင်ကြားခဲ့သော ကျောင်းသား/သူများတို့က သင်တန်းမှရရှိသည့်အတွေ့အကြုံ အခြေခံပြုစုခြင်းပညာကို သိရှိပြီး မိမိတို့ ပတ်ဝန်းကျင်တွင် လက်တွေ့အသုံးချလာနိုင်သည်အထိ ရည်ရွယ်၍ သင်တန်းကို မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များက ကြက်ခြေနီအကြောင်း သိကောင်း စရာများ၊ ကြက်ခြေနီ အခြေခံမူ(၇)ချက်၊ ရှေးဦးပြုစုခြင်းဆိုင်ရာအခြေခံ သဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ ဆေးထည့်ခြင်းနှင့်ပတ်တီးစည်းခြင်း၊ အရိုးအဆစ် ဇက်ကြောနှင့်ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း စသည့် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်ခန်းစာများတို့ကို စာတွေ့လက်တွေ့ (၃)ရက် တိတိ သင်ကြားပြသပို့ချသွားခဲ့သည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)