ဆော ၂၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့၌ ရှင်မာလဲမြတ်စွာဘုရားကြီး၏ (၁၂၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဘုရားပွဲတော်တွင် မြတ်စွာဘုရားရှင်အားရည်မှန်းပြီး ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ဆွမ်းတစ်ထောင် ကပ်လှူပူဇော်ခြင်း၊ ဆရာတော်၊သံဃာတော် များအား စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူခြင်းတို့ကို ရှေးရိုးရာအစဉ်အလာတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ကျင်းပချိန်တွင် ရပ်ကွက်၊ကျေးရွာများမှ လူကြီးလူငယ်များက ယောဓလေ့ရိုးရာ မီးကြာ၊ မီးအုပ်များ၊ ပဒေသာပင်များသာမက ကျောင်းသားလူငယ်များဖြင့် ဝင်းခင်းများထည့်သွင်း ကျင်းပ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်အပြင် နိုင်ငံကျော် တေးသံရှင်များနှင့်အတူ ပျော်ပွဲရွှင်ပွဲ၊ ဇာတ်ပွဲများပါ ထည့်သွင်း၍ ကျင်းပမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ဝင် တစ်ဦးထံ မှသိရသည်။
ဇော်မျိုးသန့်(ပြန်/ဆက်)


