ပေါက် ၂၉  အောက်တိုဘာ

 

ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအတွက် သောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက် ရာတွင်ပိုမိုတိကျသောအချက် အလက်များရရှိစေရန်ရည် ရွယ်၍ ကျေးလက် ရေပေးရေး ဆိုင်ရာအချက်အလက်များအား RWSMIS Application အသုံးပြု ကောက်ယူခြင်းနည်း ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူးဒေါ် အေးအေးသန့်က သင်တန်းသား သင်တန်းသူများ အနေဖြင့် အဆိုပါသင်တန်းပြီးဆုံးပါက တစ်ဦးနဲ့တစ်ဦးပေါင်းစပ် ညှိနှိုင်းကာ မြို့နယ်တွင်းရှိ ကိုယ့်တာဝန်ကျရာကျေးရွာများ၌ ရေပေးရေးဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ကောက်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးလူထုဗဟိုပြု စီမံကိန်းမှ နည်းပညာအကြံပေး ကျား/မရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းက ကျေးလက်နေ ပြည်သူများအတွက် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရာ တွင်လွယ်ကူသောနည်းစနစ်များ အသုံးပြု၍ဆောင်ရွက် နိုင်ရန်အတွက် သက်တန်း မှပို့ချသည့်ဘာသာရပ်များကိုသေ ချာလေ့လာသင်ယူမှတ်သား ကြရန်လိုအပ်ကြောင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ကျေး လက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှသင်တန်းနည်းပြအ ငယ်တန်း အင်ဂျင်နီယာ'(၃) ဒေါ်ရီရီမြင့်ကသင်တန်းတွင်ပို့ ချမည့်ဘာသာရပ်များနှင့်ပတ် သက်၍ရှင်းလင်းပြောကြားခဲ့ သည်။

 

အဆိုပါ သင်တန်းကို ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် လူထုဗဟိုပြု စီမံကိန်းမှ ဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူ(၇၇)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်ရက် ကြာစာတွေ့လက်တွေ့ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဉာဏ်တိုး(ပေါက်)