ချောင်းဦး ၂၉ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၌ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော သက်ငယ်မုဒိမ်းကာကွယ်ရေး ပညာပေး ဟောပြောပွဲကို ချောင်းဦးမြို့နယ် အနော်ရထာခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၏ ဇနီး စစ်ကိုင်းတိုင်း ဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးအသင်း ဥက္ကဌ ဒေါ်မာမာဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက သက်ငယ်မုဒိန်းကာကွယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး ချောင်းဦးမြို့နယ် မြို့နယ်ဥပဒေအရာရှိ ဒေါ်အိမွန်စိုးက သက်ငယ်မုဒိမ်း၏ ပြစ်မှု ပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြီး၊ ချောင်းဦးမြို့နယ် ရင်ခွင်မဲ့ကလေးငယ်များလျှောချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်အေးမြတ်မွန် က အသင်း၏ လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ချောင်းဦးမြို့နယ် ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးအသင်းဝင် ဦးဇော်နိုင်က အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး သက်ငယ်မုဒိမ်း ကာကွယ်ရေးပညာပေး ဟောပြောခဲ့သည်။
သက်ငယ်မုဒိမ်း ကာကွယ်ရေးပညာပေး ဟောပြောပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၏ဇနီး စစ်ကိုင်းတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များလျှောချရေးအသင်း ဥက္ကဌ ဒေါ်မာမာဝင်းနှင့် အဖွဲ့ဝင်များ၊ ချောင်းဦးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်သီတာသိမ့် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထကချောင်းဦးမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)


