ရန်ကုန် ၂၉ အောက်တိုဘာ
ဒုတိယအကြိမ်မြောက် အြsပည်ပြည်ဆိုင်ရာသွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့စွမ်းရည်ပြိုင်ပွဲသို့ မြန်မာကျောင်းသူအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့ College of Stomatology Shanghai Jiao Tong တက္ကသိုလ်တွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပ မည့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများလက်တွေ့စွမ်းရည်ပြိုင်ပွဲ "the 2nd Skill Contest for International Dental Students 2019" ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ နောက်ဆုံးနှစ် ဘီဒီအက်စ်သင်တန်းမှ ထူးချွန် ကျောင်းသူ(၃)ဦးတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
မောင်လူမော်


