ရန်ကုန် ၂၉ အောက်တိုဘာ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ပြည်သူများနှင့်ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊စာပေမှ ဗဟုသုတများစွာ ရရှိစေရန်နှင့် စာဖတ်ဝါသနာပါသူများ လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ လှိုင်သာယာမြို့နယ်သို့ ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းကို အောက်တိုဘာလ(၂၉)ရက်နေ့ နံနက် ၁၀နာရီက ငှားရမ်းခဲ့သည်။
ငှားရမ်းရာတွင် လှိုင်သာယာမြို့နယ်၊ အ.ထ.က(၆)၊ ထ.ခွဲ.လ(၄)၊ ဒိုင်စုစာကြည့်တိုက်နှင့် ထွန်းတောက် ကြယ်စင် စာကြည့်တိုက်တို့ကို ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သွားရောက်၍ သုတ/ ရသ စသည့် စာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့ပြီး အသင်းဝင် အသစ်များအား ကတ်များ ပြုလုပ်ခဲ့ရာ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များရှိ ကျောင်း၊ရပ်ကွက်၊ကျေးရွာများသို့ နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် တစ်ဦးလျှင်(၂)အုပ်နှုန်း အခမဲ့ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


