တောင်ငူ   ၂၉   အောက်တိုဘာ

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တောင်ငူခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ပထမအကြိမ် ကလေးစာပေပွဲတော် (တောင်ငူ) စာအုပ် စာ စောင်ပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် အောက်တိုဘာ ၂၉ ရက်က စတင်ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

၁

 

ကလေးစာပေပွဲတော်(တောင်ငူ)သည်ပွင့်လင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့ (စနေ၊ တနင်္ဂနွေနေ့) များတွင် တောင်ငူမြို့ ခပေါင်းခန်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းသား လူငယ်များ ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲ နိုင်‌ရေးအတွက် ကလေးစာပေပွဲတော်အဝင် မုခ်ဦးဆောက်လုပ်ခြင်း၊ ပြခန်းနေရာများပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ကလေးများ ပျော်ရွှင်ပါဝင်ဆင်နွှဲနိုင်မည့် ဂိမ်းစကားပွဲနေရာများ ပြင်ဆင်သည့် လုပ်ငန်းများ၊ တောင်ငူခရိုင်အတွင်းမြို့နယ် များရှိလူစည်ကားရာနေများတွင် ဗီနိုင်းကြော်ငြာဘုတ်များစိုက်ထူခြင်း၊ မစ်ကီ‌‌မောက်အရုပ်၊ ဘဲရုပ်အကများ၊ပါဝင်သည့်နှိုးဆော်ရေးယာဉ်များဖြင့် မြို့နယ်တိုင်း လှည့်လည်နှိုး‌ဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 အဆိုပါ ကလေးစာပေပွဲတော်တွင်ကျောင်းသား ကျောင်းသူများက တိုင်းရင်းသား လူမျိုးများ၏ ရိုးရာအက အလှများဖြင့်ဖျော်ဖြေခြင်းနှင့် တေးသီချင်းများ တေးသရုပ်ဖော် အစီအစဉ်များဖြင့် ဖျော်ဖြေခြင်းများ၊  ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ တိုင်းရင်းသားဘာသာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ တိုင်းရင်းသားဘာသာ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ Team Building Game များနှင့် အခြားဂိမ်းကစားပွဲများ၊ စာပေဟောပြောပွဲများ ပါဝင်မည်ဖြစ်ပြီး ကလေးစာပေပြပွဲ၊ တောင်ငူခေတ်သမိုင်း ဓာတ်ပုံစုစည်းမှုပြခန်း၊ ကျောက်စာပြခန်း၊အာကာသနှင့် စကြဝဠာ သင်ကြားရေးပစ္စည်းများပြခန်း၊ အလင်းသစ် ကိုယ်ပိုင်အထက်တန်းကျောင်း ပြခန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးပြခန်း၊ ကွန်ပျူတာဂိမ်း ကစားနည်းပြခန်း၊ လူကုန်ကူးမှုတားဆီးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြခန်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေး အသိပညာပေးပြခန်းနှင့် အခြေခံပညာကျောင်း ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)