မကွေး ၂၉ အောက်တိုဘာ
၂၀၁၉ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ် ပြိုင်ပွဲကို အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပ ရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသော အားကစားသမားများအား ဆုချီးမြှင့်ပေးအပ်ခဲ့သည်။
ကာယဗလမောင်ပြိုင်ပွဲ (၆၀)ကီလိုတန်းတွင် ပထမ မောင်မျိုးမင်းဌေးနှင့် ဒုတိယ မောင်ဇော်လွင်ဦး မင်းဘူးခရိုင်တို့က ရရှိပြီး တတိယဆုကို သရက်ခရိုင်မှ မောင်ငြိမ်းချမ်းအောင်က ရရှိခဲ့သည်၊ (၆၅)ကီလို တန်းတွင် ပထမ မင်းဘူးခရိုင်မှ မောင်နိုင်ဝင်းခိုင်၊ဒုတိယ ဂန့်ဂေါခရိုင်မှ မောင်တောင်ဇခမ်းနှင့် တတိယ မကွေးခရိုင်မှ မောင်မင်းခန့်ကျော် တို့ရရှိပြီး၊(၇၀) ကီလိုတန်းတွင် ပထမဆုကို မောင်ခန့်ဝင်းနှင့်ဒုတိယဆု မောင်ထက်လင်းအောင် မကွေးခရိုင်တို့က ရရှိပြီး၊တတိယဆုကို မင်းဘူးခရိုင်မှ မောင်ဖြိုးကိုကိုမှ ရရှိခဲ့သည်။
ဆက်လက်၍ (၇၅)ကီလိုတန်းနှင့်(၇၅)အထက်ကီလိုတန်း ပြိုင်ပွဲကျင်းပရာ (၇၅)ကီလိုတန်းတွင် ပထမ မကွေးခရိုင်အသင်းမှ မောင်ဇော်ဌေးအောင်၊ဒုတိယ မင်းဘူးခရိုင်မှ မောင်တင်မျိုးအောင်နှင့်တတိယ မကွေးခရိုင်အသင်းမျ မောင်မင်းအောင် တို့က ရရှိခဲ့ကြပြီး၊(၇၅)အထက်ကီလိုတန်းတွင် ပထမ မင်းဘူးခရိုင် အသင်းမှ မောင်ချမ်းအေး၊ဒုတိယ မကွေးခရိုင်အသင်းမှ မောင်မင်းသစ်လွင်နှင့် တတိယဆုကို ပခုက္ကူ ခရိုင်အသင်းမှ မောင်နိုင်ရဲကျော်တို့က ရရှိကာ အသက်(၂၁)နှစ်အောက် ကာယဗလမောင် ပြိုင်ပွဲတွင် ပထမ မင်းဘူးခရိုင်မှ မောင်မင်းသက်ဦး၊မကွေးခရိုင်အသင်းမှ ဒုတိယ မောင်ဖြိုးမင်းသူနှင့် တတိယ မောင်စန်းယုတို့ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ကာယကြံ့ခိုင်မှုမယ် (၅ ပေ ၃ လက်မအောက်)ပြိုင်ပွဲတွင် ပထမဆုကို မကွေး ခရိုင်အသင်းမှ မဖြူဖြူပြည့်၊ဒုတိယ သရက်ခရိုင်အသင်းမှ မသိန်းသန်းသိမ့်နှင် တတိယဆုကို ဂန့်ဂေါ ခရိုင်အသင်းမှ မနွယ်ထားခင်တို့က ရရှိခဲ့ပြီး၊ ကာယကြံ့ခိုင်မှုမယ်(၅ ပေ ၃ လက်မ အထက်) ပြိုင်ပွဲတွင် ပထမဆုကို သရက်ခရိုင်အသင်းမှ မရည်မွန်အောင်၊ဒုတိယဆု မင်းဘူးခရိုင်မှ မကေသရီမြင့်အောင်နှင့် တတိယဆုကို သရက်ခရိုင်အသင်းမှ မပန်းမြတ်ချယ်တို့က ရရှိကာ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှု မယ်ပြိုင်ပွဲ တံခွန်စိုက်ဆုကို မကွေးခရိုင်အသင်းက ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဆုရှိခဲ့ကြသော အားကစားသမားများအား မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့်တာဝန်ရှိသူတို့က ဆုကလပ်၊ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားတို့အား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲမှ ထူးချွန်အားကစားသမားများနှင့်(၂၄-၁၁-၂၀၁၉)ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပမည့် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


