နေပြည်တော် ၂၉  အောက်တိုဘာ

 

ပဉ္စမအကြိမ်မြောက် အာဆီယံ ကျန်းမာရေးကဏ္ဍ(၂) အစည်းအဝေး (5th ASEAN Health Cluster 2 Meeting) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ကျင်းပသည်။

 

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော 3rd Meeting of ASEAN Health Cluster 2 နှင့် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော 4th  Meeting of ASEAN Health Cluster 2  မှ ထွက်ပေါ်လာသော ရလဒ်များကို လက်ခံဆောင်ရွက်ခြင်း၊ ASEAN Health Cluster 2 ၏ (၂၀၁၇-၂၀၂၀) Work Program အရ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများအပေါ် မွမ်းမံဆွေးနွေးခြင်း၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအား ဆန်းစစ်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးအဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။

 

 သတင်းစဉ်