နေပြည်တော် ၂၉ အောက်တိုဘာ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor, Dr. Renaud Egreteau အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်လုပ်ငန်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံ၊ အရည်အသွေး ပိုမိုပြည့်ဝစွာဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 (သတင်းစဉ်)