နေပြည်တော် ၂၉ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်နှင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျား/မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေးအတွက် ၁၆ ရက်တာ လှုပ်ရှားမှုအား နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရေး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် သက်ဆိုင်ရာအရပ်ဘက် လူမှုရေး အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေနေများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


