ကော့သောင်း ၃၀ အောက်တိုဘာ

 

(၄)နှစ်လျှင် တစ်ကြိမ် စည်ကားသိုက်မြိုက်စွာ ပြုလုပ်မြဲဖြစ်သည့်  ကော့သောင်းမြို့ ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသူ/သားဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်  အခမ်းအနားအား အောက်တိုဘာ ၂၉ ရက် ညနေ ၆ နာရီက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ပြည်သူ့ ရင်ပြင်တွင် စတင်ဖွင့်လှစ်ကျင်းပသည်။

 

အဆိုပါ ဈေးရောင်းပွဲတော်အခမ်းအနားအား  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦနေထွန်း၊ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးဦနေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့်             မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ကော်မတီ တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသားသူများက အကပဒေသာများဖြင့် သီဆိုကပြ ဧည့်ခံဖျော်ဖြေကြသည်။

 

တန်ဆောင်တိုင် ဈေးရောင်းပွဲတော်၌ မြန်မာ့ရိုးရာ အမှတ်တရပစ္စည်း အရောင်းဆိုင်များအပြင် ထိုင်းနိုင်ငံ ရနောင်းခရိုင် ဒေသထွက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊ ကလေးကစားစရာ အရောင်းဆိုင်များ၊ အဝတ်အထည်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ မြန်မာရိုးရာနှင့် ထိုင်းရိုးရာ စားသောက်ဖွယ်ရာ အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း အရောင်းဆိုင်များ၊ လူသုံးကုန်နှင့် အိမ်သုံး ၊ မီးဖိုချောင်သုံးပစ္စည်း အရောင်းဆိုင်များ ၊ စာအုပ်အရောင်းဆိုင်များ ၊ ကလေးများ စိတ်ဝင်စားဖွယ်ရာကစားနည်းပွဲများ ၊  ခေတ်ပေါ် တေးဂီတဖျော်ဖြေမှုအစီအစဉ်များဖြင့် နိုဝင်ဘာလ ၂ ရက်အထိ (၅) ရက်တိုင်တိုင် စည်ကား  သိုက်မြိုက်စွာ    ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)