ဖလမ်း  ၃၀    အောက်တိုဘာ 

 

ဆဌမအကြိမ်မြောက် သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီက ဖလမ်းမြို့ သူနာပြု သင်တန်းကျောင်း ပန်းချယ်ရီခန်းမဆောင်၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားပြီး ဖလမ်းသူနာပြု သင်တန်းကျောင်းအုပ်ကြီး ဒေါ်မြမြစန်း ဦးဆောင်၍ အောင်လက်မှတ်ရယူမည့် သင်တန်းသား/သူများက သူနာပြုသစ္စာအဓိဌာန်(၈)ချက်ကို ရွတ်ဆို ကတိသစ္စာပြုကြသည်။

 

ထို့နောက် ဖလမ်းသူနာပြုကျောင်းအုပ်ကြီးက သင်တန်းသား/သူ(၆၅)ဦးတို့အား အောင်လက်မှတ်များကို တစ်ဦးချင်းအပ်နှင်းကာ လက်မှတ်ရရှိပြီးသော သင်တန်းသား/သူများကို ဘွဲ့ဝတ်ရုံ ဝတ်ဆင်ခွင့်ပြုသည်။

 

ဆက်လက်၍ သူနာပြုသင်တန်းကျောင်းအုပ်ကြီးက သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ် ရရှိပြီးသော သင်တန်းသား/သူများအား မိန့်ခွန်းပြောကြားသည်။ အခမ်းအနားတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောင်လက်မှတ်ရ သင်တန်းသား/သူများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

ဂျွန်( ပြန်/ဆက် )