ပေါင်းတည်  ၃၀  အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ထန်းတပင်အုပ်စု ပန်းသင်းပင်ရွာမြောက် ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ဓမ္မာရုံ၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်(ပြည်) နယ်လှည့်ဆေးကုသရေးအဖွဲ့ အမှတ်(၆)တပ်မတော်စစ်ဆေးရုံ ကုတင်(၁၀ဝ)မှ ဗိုလ်ကြီးအောင်ဖြိုးမော် ဦးဆောင်၍သ မားတော်များပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက်၉ နာရီမှစတင်၍ နေ့လည်ပိုင်းအထိ ကျေးရွာအုပ်စုအတွင်းနှင့် အနီးပတ်ဝန်းကျင်ရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး အသိပညာပေး ဗီဒီယိုများပြသကာဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ရောဂါရှာဖွေ ကုသမှုများကိုပါ ဆောင်ရွက်ပေး၍ လိုအပ်သည့်ဆေးဝါးများကို အခမဲ့တစ်ပါတည်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။

 

အဆိုပါ နယ်လှည့်ဆေးကုသအဖွဲ့မှ အထွေထွေရောဂါ သွားနှင့်ခံတွင်းရောဂါ အရိုးအကြောရောဂါ သားဖွား မီးယပ်ရောဂါနှင့် ကလေးကုသခံယူမှုအပါအဝင်စုစုပေါင်း (၃၀၉)ဦး ကို အခမဲ့ ဆေးကုသများ ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ရပ်မိရပ်ဖများနှင့်ကျေးရွာပရဟိတအဖွဲ့ လူငယ်များက လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

တင်ဝင်းဇော်(မင်းသားကြီး)