ပခုက္ကူ ၃၀ အောက်တိုဘာ
လင်းရောင်ခြည် ကုမ္ပဏီ၏ ထွန်စက်များကို ဘဏ်များနှင့်ချိတ်ဆက်၍ အငှားစနစ်ဖြင့်ဝယ်ယူခဲ့သည့် တောင်သူ ၈ ဦးက ထွန်စက်များကိုဆက်လက်အသုံးမပြုလိုသောကြောင့် စက်ဖိုးပေးသွင်းငွေများကုမ္ပဏီမှ ပြန်လည်ထုတ်ပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီက ပခုက္ကူခရိုင် စားသုံး ရေးရာဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဝင်းက ကုမ္ပဏီနှင့်လယ်ထွန်စက်ဝယ်ယူခဲ့သည့် တောင်သူများအကြား ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပေးခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လင်းရောင်ခြည်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စက်ဖိုးငွေ ပြန်လည်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကုမ္ပဏီတာဝန်ရှိသူများက ထွန်စက်ဝယ်ယူခဲ့သည့် တောင်သူ ၈ ဦးထံစက်ဖိုးငွေများပြန် လည်ထုတ်ပေးခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးဦးဇော်မင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဉီးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဝင်း၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ကိုဇော်(ဓာတု)


