လွိုင်ကော်   ၃၀  အောက်တိုဘာ

 

နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အေရိုးဗစ်ပြိုင်ပွဲအား နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကယားပြည်နယ် အေရိုးဗစ် အသင်းအား ရန်ပုံငွေပေးအပ်ထောက်ပံ့ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်း၌ ပြုလုပ်သည်။

 

ကယားပြည်နယ် အေရိုးဗစ်အသင်းသည် အကြီးတန်း အသင်းလိုက် ၊ အငယ်တန်း အသင်းလိုက် ၊ Zunba (၇) ဉီးတွဲ နှင့်(၃)ဦးတွဲ စသည့် အေရိုးဗစ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ အုပ်ချုပ်သူနည်းပြ (၃) ဦးနှင့် အားကစားသမား(၂၄)ဦး စုစုပေါင်း (၂၇) ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၁၅ဝဝဝိ/- နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၀၅၀ဝဝ တိတိအား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို မှ ပေးအပ် ထောက်ပံ့ရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

လွိုင်ကော်သား