နေပြည်တော် ၃၀  အောက်တိုဘာ

 

မြန်မာနိုင်ငံတွင် အသစ်ထွက်ပေါ်နေသော ဆေးရွက်ကြီး၊ ဆက်စပ်ပစ္စည်းများ နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များသို့ ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက ယနေ့ ဆွေးနွေးပွဲသည် အီး-စီးကရက် နှင့် ပတ်သက်၍ ပထမဆုံးအကြိမ် အသိပေး ရှင်းလင်းပွဲဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်အနေဖြင့် ဆောင်ရွက်၍ရမည့် အကြောင်းအရာများကို အကြံပြု စေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက်  ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေ က မြန်မာနိုင်ငံတွင် အသစ်ထွက်ပေါ်နေသော ဆေးရွက်ကြီး၊  ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် များသို့ ရှင်းလင်းတင်ပြသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံတွင် အသစ်ထွက်ပေါ်နေသော ဆေးရွက်ကြီး၊  ဆက် စပ်ပစ္စည်းများဖြစ်သည့် အငွေ့ထုတ်စနစ်များ ပါဝင်သော ပစ္စည်း တပ်ဆင်ထားသည့် ကိရိယာ၊ ဆွေးရွက်ကြီးထွက်ပစ္စည်းများကို   အပူပေးပြီး အငွေ့ရှူရသော ပစ္စည်းနှင့်  ဆေးရွက်ကြီးနှင့် ဓါတုပစ္စည်းများ၊ အခြား ပစ္စည်းမျိုးစုံ ရောနှောထားသည့် ပစ္စည်းကို မီးလောင်ကျွမ်းစေရာမှ ထွက်ရှိလာသော အငွေ့ကို ရေထဲကတစ်ဆင့် ဖြတ် စေပြီး  ပိုက်က တစ်ဆင့်ရှူရသည့် ကိရိယာမျိုးစုံ    စသည့် ပစ္စည်းကိရိယာများ အကြောင်းကို အရှေ့တောင်အာရှ ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့  အမှုဆောင် ဒါရိုက်တာ Dr.Ulysses Dorotheo က ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ အရှေ့တောင်အာရှဆေးလိပ် ထိန်းချုပ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့  ပရိုဂရမ် မန်နေဂျာ Worrawan Jirathanapiwat က Identifying  TI front groups and countering Tobacco Industry arguments ၊  အရှေ့တောင် အာရှဆေးလိပ် ထိန်းချုပ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ အ¬မှုဆောင် ဒါရိုက်တာ Dr.Ulysses Dorotheoနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေတို့ က Legislative Measures ၊  ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဖောင် ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က Gaps in Legislation နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အရှေ့ တောင်အာရှ ဆေးလိပ် ထိန်းချုပ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့နှင့် ကလေးများ ဆေးရွက်ကြီးကင်းစင်ရေး လှုပ်ရှားမှုအဖွဲ့တို့က ပူးပေါင်းကျင်းပ၍ အသစ်ထွက်ပေါ်နေသော ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများ(အီး-စီးကရက်နှင့် ရေပြောင်း၊ အပူပေးပြီး အငွေ့ရှူရသောပစ္စည်းများ)အကြောင်းကို လေ့လာနိုင်စေရန်နှင့် ထိန်းချုပ်ရေး စည်းမျဉ်းဥပဒေများနှင့် မူဝါဒများကိုရေးဆွဲအကြံပြုနိုင်ရန်တို့ကို ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး အောက်တိုဘာ  ၃၁ ရက် အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

(သတင်းစဉ်)