နေပြည်တော်  ၃၁    အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ် (၇၂)မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်သမ္မတ၏ လွတ်လပ် ရေးနေ့သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

၁

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဖွင့် အမှာစကားပြောကြားပြီး သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ အတွင်းရေး မှူးအဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက သဝဏ်လွှာ(မူကြမ်း)ကို ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးကြ သည်။

 

သတင်းစဉ်