မာန်အောင် ၃၁ အောက်တိုဘာ
မာန်အောင်အများပိုင် ကုမ္ပဏီမှ တာဝန်ယူ ပျံသန်းပြေးဆွဲနေသော အမျိုးသားလေကြောင်းပိုင် Grand Caravan လေယာဉ်ငယ်ဖြင့် ရန်ကုန်၊ မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေ ခရီးစဉ်များကို တစ်ပါတ်လျှင် ၃ရက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ပျံသန်းပြေးဆွဲလျက်ရှိရာ ယခုအခါတစ်ပါတ် ၅ ရက် အင်္ဂါ ၊ကြာသပတေးနေ့များတွင် တိုးချဲ့ပျံသန်း ပြေးဆွဲနိုင်ရန မြန်မာ့အမျိုးသား လေကြောင်းလိုင်းနှင့် မာန်အောင်အများပိုင် ကုမ္ပဏီတို့ သဘောတူညီချက် ရရှိထားပြီးဖြစ်ရာ နိုဝင်ဘာ ၁၁ ရက်နေ့တွင်စ၍ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်မှ မာန်အောင်သို့ ငွေကျပ် ၈၈၀ဝ၀ ၊မာန်အောင်မှ ရန်ကုန်သို့ ငွေကျပ် ၈၆၀ဝ၀ ၊မာန်အောင်မှ စစ်တွေ ငွေကျပ် ၄၆၀ဝ၀ ၊မာန်အောင်မှ ကျောက်ဖြူသို့ ငွေကျပ် ၄၁၀ဝ၀ ၊ကျောက်ဖြူမှ စစ်တွေသို့ ငွေကျပ် ၃၇၀ဝ၀ ကျပ်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည်များအတွက် ဈေးနှုန်းမှာ ရန်ကုန်-မာန်အောင် အမေရိကန်ဒေါ်လာ ၁၀၃ ဒေါ်လာ၊ မာန်အောင်-ရန်ကုန် အမေရိကန်ဒေါ်လာ ၁၀၁ ဒေါ်လာဖြစ်ပြီး လေယာဉ်လက်မှတ်များကို ရန်ကုန် MPC ရုံး၊ ရန်ကုန်ဘူတာကြီးဖုန်း -ဝ၉၄၅၁၀ဝ၀၆၁၆၊ ဝ၉၄၅၁၀ဝ၀၆၂၆ မာန်အောင်၊ မာန်အောင်ဟိုတယ် ဖုန်း-ဝ၉၄၅၁၀ဝ၀၆၇၆၊ဝ၉၄၅၁၀ဝ၀၆၈၆ တို့တွင် ဝယ်ယူနိုင်ကြောင်း မာန်အောင်အများပိုင် ကုမ္ပဏီမှ သိရသည်။
သိန်းဖေ(ပြန်/ဆက်)


